လူရွှင်တော် ဇာဂနာကို မြန်မာအစိုးရက ထောင်ဒဏ် ၄၅ နှစ် ဒီကနေ့ အပြစ်ပေးလိုက်ပါတယ်။ သူ့အတွက် နောက်ဆက်တွဲ အမှုတွေလည်း ကျန်နေသေးတယ်လို့ လူရွှင်တော် ဇာဂနာရဲ့ ရှေ့နေက ပြောပါတယ်။
လူရွှင်တော် ဇာဂနာ ကို ဒီကနေ့ပဲ အင်းစိန် အကျဉ်းထောင်ထဲက တရားရုံးမှာ ထောင်ဒဏ် ၄၅ နှစ် စီရင်ချက် ချလိုက်တဲ့ကိစ္စကို သူ့ရဲ့ ရှေ့နေဖြစ်တဲ့ ဒေါ်ခင်ဌေးကြွယ်ဒေါ်ခင်ဌေးကြွယ်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
ကိုသူရ ခေါ် ဇာဂနာ ကို ဒီနေ့ စီရင်ချက် ချတယ် ကြားပါတယ်။ ဘယ်လို အခြေအနေ ရှိပါသဲခင်ဗျ။ -
“အမှု ၃ မှု ချတာပေါ့နော်။ အီလက်ထရောနစ် ၃၃ (ဃ) နဲ့၊ တမှုစီမှာ ၁၅ နှစ်စီနဲ့ ၃ မှုဆိုတော့ ၄၅ နှစ်ပေါ့။”
တကယ်တမ်းတော့ သူ့ရဲ့ အမှုက ကျန်သေးလားခင်ဗျာ။ -
“ကျန်ပါသေးတယ်။ ကြာသပတေးနေ့ကို ၄ မှု ကျန်သေးတယ်။”
ကိုသူရ ရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လို ရှိပါသလဲခင်ဗျ။ ဒီနေ့ တွေ့ခဲ့ရပါလား။ -
“တွေ့ရပါတယ်။ ကောင်းပါတယ်။ သူကတော့ ပျော်ပျော် ပါပဲ။ လူရွှင်တော် ပီသစွာနဲ့ ပျော်ပျော် ပါပဲ။”
Saturday, November 22, 2008
ဇာဂနာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment