မြန်မာနိုင်ငံတွင် GSM မိုဘိုင်းဖုန်းအသုံးပြုသူအများစုမှာအမျိုးသားများဖြစ်ပြီး အသက် ၂၀ မှ ၄၀ကြားအရွယ်များတွင် အသုံးပြုမှုအများဆုံးဖြစ်ကြောင်းစစ်တမ်းတစ်ရပ်အရသိရ
............................................................................
မြန်မာနိုင်ငံတွင် GSM မိုဘိုင်း ဖုန်းအသုံးပြုသူအများစုမှာအမျိုးသားများဖြစ်ပြီး အသက် ၂၀မှ ၄၀ကြားအရွယ်ရှိအမျိုးသား၊အမျိုး သမီးများတွင် အသုံးပြုမှုအများဆုံးဖြစ်ကြောင်း ရန်ကုန်မြို့တွင်းမိုဘိုင်းဖုန်းသုံးစွဲမှုအနေအထားကို survey ပြုလုပ်ခဲ့သည့်မိုဘိုင်းအရောင်းဆိုင်တစ်ခု၏ စစ်တမ်းတစ်ရပ်အရ သိရှိရပါသည်။
အဆိုပါစစ်တမ်းသည် ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းအသုံးပြုသူများ၏ mobile market trend ကိုခြုံငုံလေ့ လာထားခြင်းဖြစ်ကာ မိုဘိုင်းဖုန်းအသုံးပြုမှု၊ ဟန်းဆက်တန်ဖိုးအလိုက် အသုံးပြုမှု၊ ဟန်းဆက်မျိုးအစားအလိုက်အသုံးပြုမှု၊ ဟန်းဆက်ဝယ်ယူ မှုပုံစံစသည်ဖြင့်ကဏ္ဍအသီးသီးခွဲ၍ စစ်တမ်းကောက်ယူထားကြောင်း တွေ့ရသည်။
အဆိုပါစစ်တမ်းတွင် မြန်မာနိုင်ငံ၏ GSM မိုဘိုင်းဖုန်းအသုံးပြုသူများ၏ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ပြီး အမျိုးသမီးအသုံးပြုသူမှာ ၃၀ ရာခိုင်နှုန်းခန့်ရှိကာ မို ဘိုင်းကိုင်ဆောင်သူ ၅၅ ရာခိုင်နှုန်း မှာအသက် ၂၀ မှ ၄၀ ကြား အရွယ်များဖြစ်ကြောင်း သိရှိရသည်။
Nokia တံဆိပ်ဟန်းဆက်များသည်လည်း မြန်မာနိုင်ငံမိုဘိုင်းဈေးကွက်၏၇၅ရာခိုင်နှုန်းဖြင့် ဈေးကွက်ဝေစုအများဆုံးရရှိနေပြီး Sony Ericsson မှာ ၁၅ရာခိုင်နှုန်းဖြင့် ဒုတိယလိုက်နေကြောင်းသိရသည်။
အဆိုပါစစ်တမ်းကို ၂၀၀၈ခု နှစ်မေလအတွင်းကကောက်ယူခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၏ mobile market trendကိုသိရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ထိုကဲ့သို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း survey ပြုလုပ်ခဲ့သည့် မိုဘိုင်းအရောင်းဆိုင်မှ တာဝန်ရှိသူထံကသိရှိရပါသည်။
သိင်္ဂီကျော်
Saturday, November 22, 2008
MOBILE
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment